Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

Snapdragon 8 Gen 2 Chip ပါဝင်တဲ့ OnePlus 11 ကို တရုတ်မှာ မိတ်ဆက်ခဲ့

by Aung Myat Shwe MZ 05 Jan 2023 0 Comments

OnePlus ကုမ္ပဏီရဲ့ နောက်ဆုံးထွက် စမတ်ဖုန်းဖြစ်တဲ့ OnePlus 11 ကို
တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ 6.7-inch , 2K ရုပ်ထွက်ရှိတဲ့
Samsung ရဲ့ LTPO 3.0 Panel 2.75D Screen ကို အသုံးပြုထားပြီး
1 to 120 Hz Refresh Rate နဲ့ Dolby Vision အထောက်အပံ့ရပါတယ်။

Snapdragon 8 Gen 2 Chipset ကို အသုံးပြုထားပြီး 16 GB LPDDR5X RAM နဲ့
UFS 4.0 ROM up to 512 GB အထိ ပံ့ပိုးပေးပါမယ်။

နောက်ထပ် မြင့်မားတဲ့ စွမ်းဆောင်ရည်မြင့် Graphite ပါရှိပြီး အပူစွန့်ထုတ်ခြင်း
လမ်းကြောင်း ဒီဇိုင်းအသစ်ဖြင့် သာမန်ထက် ၉၂% ပိုမို မြင့်မားတယ်လို့ ဆိုပါတယ်။

OnePlus 11 Endless Black ဒီဇိုင်းမှာ ပိုးသားအစစ်နဲ့ အလွန်နီးစပ်တယ်လို့ဆိုတဲ့
စတုတ္ထမျိုးဆက် Silk Glass ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပထမဆုံး Bionic Vibrating Motor ကို အသုံးပြုထားပြီး 600 mm³
အထက်ရှိ အားကောင်းတဲ့မော်တာဖြစ်သလို Full-Face သံလိုက်ပတ်လမ်းနည်းဖြင့်
ပေါင်းစပ်ထားတာလည်း ဖြစ်ပါတယ်။ Customised Graphics Engine ကို
ထည့်သွင်းထားတဲ့ ပထမဆုံးစမတ်ဖုန်းလည်းဖြစ်ပြီး မြင့်မားတဲ့ Frame Range နဲ့
ရုပ်ထွက်အရည်အသွေးအတွက် ဂိမ်းအတွေ့အကြုံအသစ်ကို ဖွင့်လှစ်ပေးတဲ့
စမတ်ဖုန်းလည်း ဖြစ်ပါတယ်။ အမြင့်ဆုံး 120 fps အထိ မြှင့်တင်ပေးမယ်လို့ ဆိုပါတယ်။

အနောက်ဘက် 50MP Main Camera မှာ OIS ပံ့ပိုးပေးတဲ့ Sony IMX890 Sensor
ပါဝင်ပြီး၊ 32MP Telephoto Camera မှာ Optical Zoon 2x အထိနဲ့ Portrait ပုံအတွက်
အလင်းအားပိုကောင်းတဲ့ IMX709 Sensor ပါဝင်သလို 48MP Ultrawide Camera
IMX581 Sensor က Macro ဓါတ်ပုံတွေအတွက် ပံ့ပိုးပေးပါတယ်။

5000mAh Battery ပါဝင်ပြီး (၁၀) မိနစ်အတွင်း (၅၀%) နဲ့ (၂၅) မိနစ်အတွင်း (၁၀၀%)
အထိ အားသွင်းနိုင်တဲ့ 100W Fast Charging စနစ် ပံ့ပိုးပေးပြီး ကြိုးမဲ့အားသွင်းခြင်းတော့
ပါဝင်လာခြင်းမရှိပါဘူး။

*** OnePlus 11 5G Specification ***

- 6.7-inch Flexible Curved E6 AMOLED LTPO 3.0 screen, 2.75D curved edges, Quad HD+ resolution (3216 x 1440 pixels), 120 Hz refresh rate, Adaptive Sync, supports HDR10+, 1300 nits maximum brightness, covered with glass Goriila Glass Victus Screen Protector
- CPU: Snapdragon 8 Gen 2
- GPU: Adreno 740
- RAM: 12 GB/16 GB type LPDDR5x
- ROM: 256 GB/512 GB, type UFS 4.0
- Supports 2 Sim Cards
- Support 5G Dual Mode
- Hasselblad 3 rear cameras, resolution 50 + 48 + 32 million pixels, f/1.8 + f/2.2 + f/2.0, 6P lens, Sony IMX890 + IMX581 + IMX709 sensor, supports OIS, supports Ultra Wide, 115 degree wide angle and TelePhoto. Optical Zoom 2X
- The rear camera supports video recording up to 8K @ 24 fps.
- Front camera resolution 16 megapixels, f / 2.4
- The front camera supports video recording up to 1080P @ 30 fps.
- Support for face scanning
- Supports fingerprint scanning system under the screen
- Supports stereo dual speakers + Dolby Atmos sound system
- Supports Wi-Fi 6 802.11 ax 2X2 MIMO, Bluetooth 5.3, GPS (L1+L5 Dual Band) + GLONASS and NFC.
- Supports Graphine Cooling
- USB Type-C connection port
- Battery capacity: 5000 mAh + 100W SuperVOOC
- Operating system: Android 13 + ColorOS 13 (in China) / OxygenOS 13 (worldwide)
- Size: 163.1×74.1×8.53 mm.
- Color : Green , Black

RAM 12 GB / ROM 256 GB ကို ယွမ် 3,999 (မြန်မာငွေ ခန့်မှန်း ၁၆ သိန်းကျော်)
RAM 16 GB / ROM 256 GB ကို ယွမ် 4,399 (မြန်မာငွေ ခန့်မှန်း ၁၈ သိန်းကျော်)
RAM 16 GB / ROM 512 GB ကို ယွမ် 4,899 (မြန်မာငွေ ခန့်မှန်း သိန်း ၂၀ ကျော်)

ယခုမှစ ကြိုတင်မှာယူနိုင်ပြီး ဇန်နဝါရီ (၉) ရက်နေ့ တရုတ်နိုင်ငံမှာ စတင်ရောင်းချပါမယ်။
နိုင်ငံတကာစျေးကွက်ကိုတော့ ဖေဖော်ဝါရီ (၇) ရက်နေ့မှာ မိတ်ဆက်ပါမယ်။

Source : FoneArena

#OnePlus #OnePlus11
#Hasselblad #NeverSettle #Smartphone
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items