Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

ကမ္ဘာ့အမြန်ဆုံး 240W အားသွင်းစနစ်နဲ့ Realme GT Neo 5 ကို မိတ်ဆက်

by Aung Myat Shwe MZ 10 Feb 2023 2 Comments

Realme ဟာ တရုတ်နိုင်ငံမှာ ကုမ္ပဏီရဲ့ နောက်ဆုံးထွက် ကမ္ဘာ့အမြန်ဆုံး 240W
အားသွင်းစနစ်ပါဝင်တဲ့ Realme GT Neo 5 ကို မိတ်ဆက်ကြေညာလိုက်ပါတယ်။

GT Neo 5 မှာ 240W အားသွင်းစနစ် နဲ့ ပိုကြီးတဲ့ Battery ကို 150W အားသွင်းစနစ်
ပါရှိတဲ့ ဗားရှင်း (၂) မျိုးရှိပြီး (၂) မျိုးလုံးဟာ ကျောဘက်မှာ တောက်ပတဲ့ စတုဂံဖြင့်
ထူးခြားတဲ့ ဒီဇိုင်းကို ပုံဖော်ထားတာ တွေ့ရပါမယ်။ 6.7-inch 1.5K AMOLED မျက်နှာပြင်
ပါရှိပြီး 144Hz Refresh Rate နဲ့ Resolution က 2772 x 1240 pixels ရှိသလို
1500Hz Touch Sampling Rate အထောက်အပံ့နဲ့ 2160Hz PWM Dimming ကို
ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

Snapdargon 8+ Gen 1 ကို မောင်းနှင်ထားပြီး up to 16GB RAM နဲ့ Storage က
up to 1TB အထိ ရွေးချယ်နိုင်ပါမယ်။ 240W ဗားရှင်းမှာ 16GB RAM နဲ့ 256GB ROM
(သို့) 1TB ရွေးချယ်နိုင်ပြီး 150W ဗားရှင်းမှာတော့ 8GB၊ 12GB၊ 16GB RAM ရွေးချယ်နိုင်ပြီး
Storage ကတော့ 256GB ပဲ ရှိပါမယ်။ GT Neo 5 မှာ အပူကိုဖြေလျှော့ပေးမယ့်
Graphite အလွှာ များစွာ ပါဝင်သလို အစိတ်အပိုင်း (၈) ခုပါတဲ့ အအေးခံစနစ်လည်း
ပါဝင်ပါတယ်။ 1500Hz Gaming Contrl အင်ဂျင်နဲ့ Matrix 2.0 Antenna စနစ်လည်း
ပါဝင်ပါတယ်။

RGB Lighting ကို inspired ယူထားတဲ့ အလင်းရောင်ဒီဇိုင်နဲ့ အရောင် (၂၅) ရောင်၊
မြန်နှုန်း (၅) ဆ ချိန်ညှိမှုနဲ့ စိတ်ကြိုက် Setting အတွက် Halo RGB စနစ်ပါရှိပါတယ်။
E-Sports Lighting Effects ဟာ ဂိမ်းရဲ့အဓိက အခိုက်အတန့်တွေကို ပိုမို စိတ်လှုပ်ရှား
စေနိုင်တယ်လို့ ကုမ္ပဏီဘက်ကပြောဆိုပြီး Notification တွေ မက်ဆေ့ချ်နဲ့ အခြား
အသိပေးချက်တွေအတွက် Lighting ကို အသုံးပြုနိုင်တယ်လို့လည်း ဆိုပါတယ်။

ကင်မရာစနစ်မှာ OIS ပါတဲ့ 50MP Sony IMX890 Main Sensor က HyperShot 2.0,
Turbo RAW, Street Mode 3.0 ပံ့ပိုးပေးပြီး၊ 8MP Ultrawide နဲ့ 2MP Macro lens
တို့ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်ကိုတော့ 16MP Selfie Camera တပ်ဆင်ထားပါတယ်။

240W Fast Charge နဲ့ Battery 4600mAh ပါတဲ့ ဗားရှင်းက (၂၀%) ကို စက္ကန့် (၈၀) အတွင်း၊
(၅၀%) ကို (၄) မိနစ်နဲ့၊ အားအပြည့်ကို (၉) မိနစ်သာကြာမှာဖြစ်ပြီး 150W Fast Charge နဲ့
Battery 5000mAh ပါတဲ့ ဗားရှင်းကတော့ (၁၆) မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ်လို့
ဆိုပါတယ်။

🔴 240W Charging System

240W အားသွင်းစနစ်ဟာ Type-C မှ ပံ့ပိုးပေးထားတဲ့ အမြင့်ဆုံးအားသွင်းပါဝါဖြစ်ပြီး
Realme အနေနဲ့ 100W Three Way Parallel အားသွင်းပန့်ဒီဇိုင်းကို အသုံးပြုထားပြီး
20V/12A input နဲ့ 10V/24A output တို့ ပံ့ပိုးပေးကာ အားသွင်းမှုပြောင်းလဲခြင်း
စွမ်းရည် 98.5% ရှိပါတယ်။ အမြင့်ဆုံးပါဝါသိပ်သည်းဆ 2.34W/CC ရရှိဖို့ Dual 240W
GaN Mini Charger ကို အသုံးပြုထားပြီး 240W SuperVOOC Protocols နဲ့ 65W
PD, QC နဲ့ VOOC Protocols တွေကို အထောက်အပံ့ပေးပါတယ်။

🔴 Realme GT Neo 5 Specification

- 6.74-inch AMOLED screen, 1.5K resolution (2772×1240 pixels), 144Hz/120Hz/90Hz/60Hz/45Hz/40Hz refresh rate, 1450 nits maximum brightness, 100% DCI-P3 color gamut, 2160 Hz high-frequency PWM.
- CPU: Snapdragon 8+ Gen 1
- GPU: Adreno 730
- RAM : 8 GB/12 GB/16 GB Type LPDDR5X
- ROM: 256 GB/512 GB/1 TB type UFS 3.1
- Supports 2 Sim Cards
- Support 5G Dual Mode
- 3 rear cameras, resolution 50 + 8 + 2 megapixels, Sony IMX890 sensor, OIS, aperture f / 1.88, focal length equivalent to 23.6 mm, supports Ultra Wide Sony IMX355 sensor, 112 degree wide angle, f / 2.2 and GC02M Microscope Lens with f/3.3 aperture
- 16MP front camera with Samsung S5K3P9 sensor, f/2.45 aperture
- Support for face scanning
- Supports fingerprint scanning system under the screen
- Supports stereo dual speakers + Dolby Atmos sound system
- Support : Wi-Fi 6 802.11 ax (2.4GHz + 5GHz), Bluetooth 5.2, GPS (L1 + L5)/ GLONASS , NFC
- USB Type-C connection port
- 5000mAh battery with SuperVOOC 150W fast charging
- 4600mAh battery with SuperVOOC 240W fast charging
- Operating system: Android 13 + realme UI 4.0
- Size: 163.85×75.75×8.9 mm.
- Weight:199 grams

စျေးနှုန်းတွေက ...

150W ဗားရှင်း ... 8GB + 256GB ကို ယွမ် ၂၅၉၉ (မြန်မာငွေ ခန့်မှန်း ၁၀ သိန်းကျော်)
150W ဗားရှင်း ... 12GB + 256GB ကို ယွမ် ၂၇၉၉ (မြန်မာငွေ ခန့်မှန်း ၁၁ သိန်းကျော်)
150W ဗားရှင်း ... 16GB + 256GB ကို ယွမ် ၂၉၉၉ (မြန်မာငွေ ခန့်မှန်း ၁၂ သိန်းကျော်)

240W ဗားရှင်း ... 16GB + 256GB ကို ယွမ် ၃၁၉၉ (မြန်မာငွေ ခန့်မှန်း ၁၃ သိန်းကျော်)
240W ဗားရှင်း ... 16GB + 1TB ကို ယွမ် ၃၄၉၉ (မြန်မာငွေ ခန့်မှန်း ၁၄ သိန်းကျော်)

*** ခန့်မှန်းစျေးများသာဖြစ်ပြီး အခွန်အခများ မပါဝင်ပါ ***

ယနေ့မှစ ကြိုတင်မှာယူနိုင်ပြီး ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် ဝယ်ယူနိုင်ပါမယ်။
150W ဗားရှင်းကို ပထမရောင်းချမှုအတွင်း ယွမ် ၁၀၀ လျှော့စျေးရရှိမှာဖြစ်ပြီး
မကြာမီ ကမ္ဘာအနှံ့သို့ ရောင်းချတော့မယ်လို့ CEO ဖြစ်သူ Sky Li က ဆိုပါတယ်။

Source : FoneArena

#Realme #GTNeo5
#RealmeGTNeo5 #240W #150W #SUPERVOOC
#FastCharge #Smartphone #DateToLeap
Prev Post
Next Post

2 Comments

04 Oct 2023 Ti Yi
ပေ းပါလာ
04 Oct 2023 Saw sein

ကျေးဇူးပြုပိငါ့ကိုလက်ဆောင်တစ်လုံးလောက်ပေးပါလာ ငါတို့ဆင်းရဲသားလည်းလိုချင်တာပေါ့ဗျာ

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items