Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

iOS 16.1 ကို အခုပဲ Update လုပ်လိုက်ပါ

by Aung Myat Shwe MZ 25 Oct 2022 0 Comments

iOS 16 မှာဖြစ်ပေါ်နေတဲ့ Bugs တွေ Error တွေကို ဖြေရှင်းထားပြီး
လုပ်ဆောင်နိုင်စွမ်းနဲ့ interface ရွေးချယ်မှုအချို့ကို အဆင့်မြှင့်တင်
ပေးထားတဲ့ iOS 16.1 , iPadOS 16.1 ကို ထုတ်ပေးလိုက်ပါပြီ။

- iCloud Shared Photo Library ပါဝင်လာပြီး မျှဝေချင်တဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို
သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကြား ပိုမိုလွယ်ကူစွာ မျှဝေနိုင်ပြီဖြစ်ပါတယ်။

- Live Activities က Lock Screen ကနေ အချိန်နဲ့တစ်ပြေးညီ သိနိုင်မယ့်
အကြောင်းကြားချက် အမျိုးအစားအသစ်တစ်ခုပါ။

- Wallet Key Sharing က ကား၊ ဟိုတယ်အခန်း နဲ့ အခြားသော့တွေကို Messages,
WhatsApp နဲ့ အခြား Messaging App ကနေတစ်ဆင့် လုံခြုံစိတ်ချစွာ မျှဝေနိုင်ပါပြီ။

- Matter Support က Smart Home ချိတ်ဆက်မှုစံနှုန်းအတွက် ထပ်လောင်းပံ့ပိုးမှု
ဖြစ်ပြီး မတူညီတဲ့ Smart Devices တွေကြား အပြန်အလှန်လုပ်ဆောင်နိုင်မှုကို
ခွင့်ပြုပေးတဲ့ ပံ့ပိုးမှုဖြစ်ပါတယ်။

- Delete Wallet App အင်္ဂါရပ်ပါဝင်လာပြီး Apple Pay (သို့) အခြား Waller များ
အသုံးမပြုလိုသူများအတွက် ယခုအခါ လုံး၀ ဖျက်နိုင်ပြီဖြစ်ပါတယ်။

- Battery Percentage icon တွေ မမြင်ရတဲ့ iPh XR , 11, 12 Mini နဲ့ 13 Mini မှာ
Battery Percentage ကို မြင်ရတော့မှာဖြစ်ပါတယ်။

- Face ID ပါတဲ့ iPhone တွေမှာ Status Bar ရှိ Battery icon ရဲ့ အားသွင်းတဲ့အဆင့်
ကို မြင်သာထင်ရှားစွာပြသဖို့ အဆင့်မြှင့်တင်ထားပါတယ်။

အခြား Bug Fixes တွေလည်းပါဝင်ပြီး Features အသစ်တွေလည်းပါဝင်လို့ Update
မလုပ်ရသေးရင် အခုပဲ Setting >> General >> Software Update ကနေ တင်လိုက်ပါ။

Update တင်နေရင်း Error မဖြစ်အောင်လို့ ... အင်တာနက်လိုင်း ကောင်းဖို့
လိုအပ်သလို Storage များများ ရှိနေဖို့လည်း လိုမယ်နော် ...

#iOS16.1 #Apple
#iPhone #iPhone14
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items