Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

Colorful Screen နဲ့ Huawei Pocket S ကို မိတ်ဆက်

by Aung Myat Shwe MZ 03 Nov 2022 0 Comments


Huawei ဟာ 6.9-inch Foldable Screen, Full HD+ ရုပ်ထွက်နဲ့ 21:9 မျက်နှာပြင်
အချိုး၊ 120Hz Refresh Rate နဲ့ အပြင်ဘက် 1.04-inch AMOLED မျက်နှာပြင်
ပါဝင်ပြီး Snapdragon 778 4G Chipset အသုံးပြုထားတဲ့ ခေါက်နိုင်တဲ့ စမတ်ဖုန်း
အသစ် Pocket S ကို တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။


သဘာ၀အလှတရားတွေနဲ့ ဖက်ရှင်တွေကိုပေါင်းစပ်ထားပြီး စုစုပေါင်းအရောင် (၆) မျိုး
Black , Frost Silver , Mint Green , Pink , Primrose Gold နဲ့ Ice Crystal Blue စတဲ့
အရောင်တွေ ရွေးချယ်နိုင်ပါမယ်။


Frost Silver မှာ အသုံးပြုထားတဲ့ Matte မှန်ဟာ လက်ဗွေရာမထင်စေဘဲ အခြား
အရောင်တွေမှာတော့ ကြွေထည်မှန်သားမျက်နှာပြင်ကို အသုံးပြုထားပါတယ်။ မတူညီတဲ့
အလင်းရောက်အောက်မှာ သုံးဖက်မြင်အသွင်အပြင်ကို ဖန်တီးပေးတယ်လို့ သိရပါတယ်။
MIM Steel Material ကို သုံးထားပြီး အကြိမ်ရေ (၄) သိန်း Folding Tests လုပ်ပြီးနောက်
ကမ္ဘာ့ပထမဆုံး Swiss SGS Durability Certificate လက်မှတ်ရရှိထားပါတယ်။


ကျောဘက်ကင်မရာ (၃) လုံးမှာ 40MP Main Camera , 13MP Ultrawide Camera နဲ့
10 Channel Multi Spectral Sensoe တို့ ပါဝင်ပြီး ရှေ့ဘက်ကိုတော့ 10.7 MP သုံးပေး
ထားပါတယ်။

*** Huawei Pocket S Specs ***

- 6.9-inch Foldable Flexible OLED Display, Full HD + resolution,
Refresh Rate 120 Hz, aspect ratio 21: 9, 300Hz Touch Sampling Rate ,
1440 Hz high frequency PWM dimming, DCI-P3 color gamut,
1.07K million colors
- AMOLED type secondary screen, size 1.04 inches
- CPU: Snapdragon 778 4G
- GPU: Adreno 642L
- RAM: 8GB
- ROM: 128GB/256GB/512GB
- Support 4G + Dual VoLTE
- Support 2 Sim Cards
- Support Nano Memory Card up to 256 GB
- 3 rear cameras, resolution 40 + 13 + MSC million pixels,
True Chroma Camera + Ultra Wide Angle + Multi-Spectral Camera, f / 1.8 + f / 2.2
- Front camera resolution of 10.7 megapixels, f / 2.2
- Support for fingerprint scanning on the Power button
- Support for face scanning
- Support WiFi 6+ , Bluetooth 5.2 , NFC
- Supports Graphine Cooling system.
- USB port - Type C
- Battery capacity: 4000 mAh, supports 40W Super Charge
- Operating system: HarmonyOS 3.0
- Weight : 190 grams

စျေးနှုန်းတွေအနေနဲ့က ...
8GB + 128GB ကို 5,988 ယွမ် (မြန်မာငွေ ခန့်မှန်း ၂၅ သိန်းကျော်)
8GB + 256GB ကို 6,488 ယွမ် (မြန်မာငွေ ခန့်မှန်း သိန်း ၃၀ ဝန်းကျင်)
8GB + 512GB ကို 7,488 ယွမ် (မြန်မာငွေ ခန့်မှန်း သိန်း ၃၀ ကျော်) ကျသင့်မှာဖြစ်ပြီး

ကြိုတင်မှာယူနိုင်ပြီဖြစ်ကာ နိုဝင်ဘာ (၁၀) ရက်နေ့မှာ ရောင်းချမယ်လို့ သိရပါတယ်။
512 GB မော်ဒယ်ကိုတော့ ဒီဇင်ဘာမှသာရရှိမယ်လို့ ဆိုပါတယ်။

Source : Huawei

#PocketS #Foldable
#Smartphone #Huawei

Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items