Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

၁၂ လက်မ မျက်နှာပြင်အရွယ်အစားနဲ့ Honor Pad V8 Pro ကို မိတ်ဆက်

by Aung Myat Shwe MZ 28 Dec 2022 0 Comments

Honor မှ ၁၂ လက်မ မျက်နှာပြင်အရွယ်အစား၊ စပီကာ (၈) လုံး၊ 10050mAh Battery
ပါဝင်တဲ့ Premium Tablet အသစ် Honor Pad V8 Pro ကို တရုတ်နိုင်ငံမှာ တရားဝင်
မိတ်ဆက်လိုက်ပါတယ်။

Honor Pad V8 Pro ကို 12.1-inch 2.5K (WQXA) LCD မျက်နှာပြင်နဲ့ MTK Dimensity
8100 Chipset ကို အသုံးပြုပေးထားပြီး 144 Hz Refresh Rate နဲ့ IMAX Enhanced
အထောက်အပံ့ရမယ်လို့ ဆိုပါတယ်။ စပီကာ (၈) လုံးပါပြီး ကိုယ်ထည်က ၆.၆၄ မီလီမီတာနဲ့
ပါးလွှာတဲ့ ဒီဇိုင်းဖြစ်ပါတယ်။

ဖိအား ၄၀၉၆ အဆင့်နဲ့ Latency 2ms ပါရှိတဲ့ Magic Pencil 3 ကို အထောက်အပံ့ပေးပြီး
Tablet ထိပ်တွင် တင်ထားတဲ့အခါ သံလိုက်ဖြင့် အားသွင်းနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Smart
Touch Keyboard အထောက်အပံ့ရတာမို့ အသုံးပြုသူတွေအနေနဲ့ PC လိုမျိုး စာရိုက်နိုင်မှာ
ဖြစ်တယ်လို့ ဆိုပါတယ်။

ကြီးမားတဲ့ 10,050mAh Battery ပါဝင်ပြီး 35W Fast Charging စနစ်ဖြင့် အမြန်ဆုံးအားသွင်း
နိုင်သလို အကြာကြီးလည်းအသုံးခံပါမယ်။ Honor ရဲ့ နောက်ဆုံးပေါ် MagicOS 7 ပေါ်မှာ
လုပ်ဆောင်ထားပြီး မြင့်မားတဲ့စွမ်းဆောင်ရည်တွေနဲ့ ဝန်ဆောင်မှုတွေပေးမယ်လို့ ဆိုပါတယ်။

*** HONOR Pad V8 Pro specs ***

- 12.1-inch TFT LCD, WQXGA (2560 x 1600 pixels) resolution, 144 Hz refresh rate, 1.07 billion colors, IMAX Enhanced certification, up to 600 nits brightness.
- CPU: MediaTek Dimensity 8100 (4x Cortex-A78 @ 2.85GHz , 4x Cortex-A55 @ 2GHz) 5nm
- GPU: Arm Mali-G610 MC6
- RAM : 8 GB/12 GB
- ROM : 128 GB/256 GB
- 13 megapixel rear camera, f / 2.0 aperture, recording up to 4K video
- Front camera, resolution 5 megapixels, aperture f / 2.2, video recording up to Full HD
- 8 Speakers , DTS:X , Support Hi - Res Audio
- Support WiFi6 / Bluetooth 5.2
- USB Type-C connection port
- Battery capacity: 10500 mAh + fast charge 35W
- Operating system: Android 12 + MagicOS 7.0
- Size: 277 x 178.95 x 6.64 mm.
- Weight : 589 grams
- Orange , Sunny Blue and Starry Blue

စျေးနှုန်းတွေအနေနဲ့

RAM 8 GB / ROM 128 GB, ယွမ် 2599 (မြန်မာငွေ ခန့်မှန်း ၁၀ သိန်းကျော်)
RAM 8 GB / ROM 256 GB, ယွမ် 2899 (မြန်မာငွေ ခန့်မှန်း ၁၂ သိန်းကျော်)
RAM 12 GB / ROM 256 GB , ယွမ် 3299 (မြန်မာငွေ ခန့်မှန်း ၁၄ သိန်းဝန်းကျင်)

Hornor Magic Pencil က ယွမ် 499 (မြန်မာငွေ ခန့်မှန်း ၂ သိန်းကျော်)
Smart Touch Keyboard က ယွမ် 549 (မြန်မာငွေ ခန့်မှန်း ၂ သိန်းခွဲကျော်)

ယနေ့မှစ ကြိုတင်မှာယူနိုင်ပြီး ဒီဇင်ဘာ (၃၀) ရက်နေ့ တရုတ်နိုင်ငံမှာ စတင်
ရောင်းချသွားမှာဖြစ်ပါတယ်။

Source : FoneArena

#HONOR #HonorPadV8Pro
#Tablet #Pad #HonorPad
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items