Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

ဆမ်ဆောင်းရဲ့ ဘတ်ဂျက်စမတ်ဖုန်း Galaxy A04e ကို မိတ်ဆက်ကြေညာ

by Aung Myat Shwe MZ 24 Oct 2022 0 Comments

မျက်နှာပြင် ၆.၅ လက်မရှိပြီး ကျောဘက်ကင်မရာ (၂) လုံးပါဝင်တဲ့
ဘတ်ဂျက်စမတ်ဖုန်းတစ်လုံးကို Samsung က မိတ်ဆက်ကြေညာ
လိုက်ပါတယ်။

ဘတ်ဂျက်ဖုန်းတွေအတွက် အသုံးများတဲ့ Polucarbonate Material ကို
အသုံးပြုထားပြီး 6.5-inch PLS LCD မျက်နှာပြင်နဲ့ HD+ ရုပ်ထွက် ရရှိပါမယ်။

ကျောဘက်ကင်မရာ (၂) လုံးက 13MP Main Camera , 2MP Depth Sensor နဲ့
အရှေ့ဘက်ကို 5MP Selfie ကင်မရာ တပ်ဆင်ပေးထားပြီး 3GB (or) 4GB RAM
နဲ့ ROM တွေက 32GB / 64GB / 128GB ဆိုပြီး ရွေးချယ်နိုင်ပါမယ်။ SD Card
အပေါက်ပါပြီး အများဆုံး 1TB အထိ အသုံးပြုနိုင်ပါမယ်။

အသုံးပြုထားတဲ့ Chipset ကို ပြောကြာခြင်းမရှိပေမယ့် MTK Helio G35 ကို
အသုံးပြုလာနိုင်မယ်လို့ ခန့်မှန်းနေကြပါတယ်။

4G LTE , Wi-Fi 802.11 b/g/b (2.4 GHz) , Bluetooth 5.0 အထောက်အပံ့တွေနဲ့
5000mAh Battery ပါဝင်ပြီး Android 12 အခြေခံထားတဲ့ One UI Core 4.1 ကို
မောင်းနှင်ထားမယ်လို့ သိရပါတယ်။

အရောင်တွေက Blue , Bronze , Black ရွေးချယ်နိုင်ပြီး စျေးကွက်အတွင်းသို့
စျေးနှုန်းဘယ်လောက်နဲ့ ဘယ်အချိန်မှာ စတင်ရောင်းချမယ်ဆိုတာတော့ တရားဝင်
ထုတ်ဖော် ပြောကြားခြင်းမရှိသေးပါဘူး။ ဒါပေမယ့် Galaxy A04 ထက်တော့
စျေးသက်သာမယ်လို့ မျှော်လင့်ရပါတယ်။

Source : Sammobile

#Samsung #GalaxyA04e
#Galaxy #A04e #NewLaunch
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items