2022 ခုနှစ်ရဲ့ ပထမဆုံး Apple March Event မှာ
===============================
2022 အတွက် ပထမဆုံး Apple Virtual Event ကို
March လ (၈)ရက်နေ့မှာ ပြုလုပ်သွားမယ်လို့
အဆိုပါ Event မှာတော့ Apple Fan တွေမျှော်လင့်စောင့်စားနေကြတဲ့
iPhone SE Model အသစ်ကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။
ဒါ့အပြင် M2 chip နဲ့ Mac Book Pro ၊ iPad Air (5th Gen)
တွေကိုပါ မိတ်ဆက်သွားမယ်လို့ Rumors တွေအရသိရပါတယ်။
မနှစ်ကတည်းက Rumors တွေထွက်နေခဲ့တဲ့ iPhone SE New Model
ကတော့ Apple March Event မှာ မိတ်ဆက်လာဖို့ သေချာသလောက်ရှိနေပါတယ်။
ဒီဇိုင်းပိုင်းကိုတော့ အရင် iPhon SE Model တွေအတိုင်း ဘေးဘောင်ထူထူ
Home Button ပါဝင်တဲ့ ဒီဇိုင်းပဲလာဖို့ရှိပါတယ်။
အဓိက Update အနေနဲ့ကတော့ 5G ပါဝင်လာမှာဖြစ်ပြီး iPhone 13 မှာ အသုံးပြုခဲ့တဲ့
A15 Bionic Chip ကို အသုံးပြုသွားဖြစ်တဲ့အတွက် Performance အကောင်းဆုံး
Compact Phone တစ်လုံးဖြစ်လာဦးမှာပါ။
Battery Life နဲ့ Camera ပိုင်းမှာလည်း Improvement တွေရှိလာမယ်လို့သိရပါတယ်။
Compact Phone တွေကြိုက်နှစ်သက်တဲ့ Apple Fan တွေအတွက်ကတော့
iPhone 13 Mini နဲ့ အပြိုက်ရွေးချယ်စရာတစ်ခုဖြစ်လာဦးမှာပါ။
M2 Chip နဲ့ MacBook Pro ကိုလည်း မိတ်ဆက်လာမယ်လို့
Rumors တွေထွက်နေပါတယ်။ ပိုမိုဈေးသက်သာတဲ့ MacBook Pro အနေနဲ့
မိတ်ဆက်လာနိုင်ဖွယ်ရှိပြီး Touh Bar ပါဝင်မှာမဟုတ်ပါဘူး။ အရင် MacBook Pro (2021) နဲ့
Design ဆင်တူကိုမှ စွမ်းဆောင်ရည်ပိုနှိမ့်ပြီး ဈေးပိုသက်သာတဲ့ MacBook Pro တစ်လုံး
ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ (Rumors)
ဒီဇိုင်းပိုင်းပြောင်းလဲမှု မရှိနိုင်တဲ့ iPad Air ကိုလည်း မိတ်ဆက်လာနိုင်ပါတယ်။
Update တွေအနေနဲ့ကတော့ 5G Support ပါဝင်လာနိုင်ပြီး
A15 Bionic Chip ကို အသုံးပြုလာနိုင်ပါတယ်။
12MP Ultra-Wide Front Camera လည်းပါဝင်လာမယ်လို့လည်း
My Gadgets ပရိတ်သတ်ကြီးရော Apple March Event မှာ
တခြားဘယ် Product တွေမိတ်ဆက်လာမယ်လို့ထင်လဲ?
Comment မှာ ဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။
နောက်ထပ် စိတ်ဝင်စားစရာအကြောင်းအရာတွေအတွက်...
🔥 Follow Us On Viber >> https://bit.ly/3yyLS5E
🔥 Follow Us On Telegram >> https://t.me/mygadgetsreview
🔥 Follow Us On LINE >> https://bit.ly/3k1rPIK
🔥 Follow Us On YouTube >> https://bit.ly/3ANBRD2
0 Comments
REMAX Online Shop