" WWDC22 မှာ ဘာတွေမျှော်လင့်လို့ရမလဲ ... "
=========================

ဇွန်လ (၆) ရက်ကနေ ဇွန်လ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်မယ့်
WWDC22 မှာ Software အသစ်တွေ မိတ်ဆက်သွားမှာဖြစ်ပြီး
MacBook Air နဲ့ Mac Pro အပြင် iPad နဲ့ AR/VR Headset ကိုလည်း
မိတ်ဆက်လာမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Software အသစ်တွေက iOS 16 , iPadOS 16 , macOS 13 , tvOS 16 နဲ့
watchOS 9 တို့ဖြစ်ပြီး MacBook Air ကိုတော့ M2 Chip နဲ့ ပါးလွှာတဲ့
ကိုယ်ထည်ရှိမယ်လို့ ဆိုပါတယ်။ Mac Pro ကိုတော့ Mac Studio မှာ
အသုံးပြုထားတဲ့ M1 Ultra ထက် ပိုကောင်းမယ့် Chip တစ်ခုနဲ့ ထွက်လာ
နိုင်ပြီး ဒီဇိုင်းအသစ်နဲ့ iPad ကိုလည်း မိတ်ဆက်လာမယ်လို့ ပြောဆိုနေကြပါတယ်။
ဒါ့အပြင် မနှစ်က သတင်းထွက်ခဲ့တဲ့ AR/VR Headset ကိုလည်း WWDC22
မှာ မိတ်ဆက်လာနိုင်ဖွယ်ရှိပါတယ်။
အဲ့တော့ မျှော်လင့်ထားတဲ့အတိုင်း WWDC22 မှာ ...
ဘယ်လို အသစ်အသစ်တွေ မိတ်ဆက်လာနိုင်မလဲဆိုတာ ....
My Gadgets ပရိသတ်နဲ့အတူ စောင့်ကြည့်ကြတာပေါ့ ...
#MyGadgets
#WWDC22 #AppleEvent
0 Comments
Aung Myat Shwe MZ