Vivo ရဲ့ Flagship Smartphone အသစ် Vivo X70 Pro+
#BreakingNews

Vivo ရဲ့ Flagship Smartphone အသစ် Vivo X70 Pro+



Vivo ရဲ့ Flagship Series ဖြစ်တဲ့ Vivo X70 Series ကို
September 9 ရက်နေ့ က China မှာ မိတ်ဆက်သွားခဲ့ပါတယ်။

လာမယ့် September 30 မှာတော့ Vivo X70 pro နဲ့ X70 Pro+ တို့ကို
India မှာ Launch လုပ်မှာဖြစ်ပြီး Asia Market မှာ ဝယ်ယူလို့ရမှာ ဖြစ်ပြီး..

လက်ရှိမှာတော့ Android 11, Funtouch OS 12 နဲ့ ပွဲထွက်လာသလို
Android 12 ထွက်တဲ့ အခါ OTA Update ရရှိမှာဖြစ်တယ်လို့ သိရပါတယ်

Vivo X70 Pro+ ရဲ့ Specs တွေကတော့

- 6.78 inches AMOLED Screen (1500 nits) ကိုမှ 20:9 Ratio
နဲ့ 120Hz ပါလာမယ်။ 209 g အလေးချိန်ရှိပြီး IP68 Water Resistance လည်းပါပါမယ် ။
AMOLED နဲ့ဆိုတော့ Under-Display Fingerprint လည်းထည့်ပေးထားပါတယ်။

- Flagship Smartphone ဖြစ်တဲ့ အလျောက်
Qualcomm Snapdragon 888+ chipset နဲ့ လာမယ်။

- 256GB 8GB Ram, 256GB 12GB Ram, 512GB 12GB Ram ဆိုပြီး
Version 3 မျိုး‌ရွေးချယ်လို့ရမယ်။

- 50MP (f/1.6) Main Wide Camera, 8MP (f/3.4) Periscope Telephoto (5x),
12MP (f/1.6) Telephoto (2x), 48MP (f/2.2) Ultrawide Camera ဆို‌ပြီး
Camera 4 လုံးပါသလို...

- Front Camera အနေနဲ့က 32MP (f/2.5) Selfie Camera တစ်လုံးပါပါမယ်။

- 3.5mm Jack ကတော့ မပါလာ‌တော့ ပါဘူး။

- 4500mAh Battery ကို Fast Charging 55W နဲ့ Type-C အားသွင်းပေါက်

Vivo ရဲ့ ထုံးစံအတိုင်း Camera ပိုင်းကတော့ အားရစရာဖြစ်မှာသေချာပါတယ်။

မြန်မာနိုင်ငံမှာ ဝယ်ယူလို့ရမရ ဆိုတာတော့ မသိရသေးပါဘူး။



#REMAX

Leave a comment