" Vivo ရဲ့ ပထမဆုံး Vivo Tablet Teaser ပုံရိပ်များ "
လာမည့် April လတွင် မိတ်ဆက်မယ်လို့ သတင်းတွေထွက်ပေါ်လျက်ရှိပြီး ကုမ္ပဏီဘက်မှ Vivo Pad ရဲ့ Teaser ပုံများကို Weibo ကနေ ထုတ်လွှင့်ခဲ့ပါတယ်။ အနောက်ဘက်မှာ စက်ဝိုင်းကင်မရာပုံစံနဲ့ မှန်ဘီဘူးနှစ်လုံးပါရှိပြီး အရှေ့ဘက်မှာတော့ Full View Display ကို အပေါ်ဘက် ထောင့်စွန်းမှာ Front Camea ကို ထည့်သွင်းထားပါတယ်။ တရားဝင်ထုတ်ဖော်ပြတဲ့ ပုံအရတော့ SKy Blue နဲ့ Space Gray အရောင် (၂) မျိုး ရွေးချယ်နိုင်ပြီး Keyboard TouchPad Cover နဲ့ Stylus Pen စတဲ့ Accessories တွေ အထောက်အပံ့ရနိုင်ပါမယ်။ စျေးနှုန်းကတော့ ယွမ် ၂၀၀၀ ဝန်းကျင် (မြန်မာငွေ ၆ သိန်းဝန်းကျင်) လို့ ခန့်မှန်းရပြီး Xiaomi Pad 5, Hornor Pad V7 နဲ့ Lenovo Xiaoxin Pad Pro တို့နဲ့ နီးစပ်မယ်လို့ ဆိုပါတယ်။ ထွက်ရှိထားတဲ့ အချက်အလက်တွေအရ..
FullView Display Screen Refresh Rate 120 Hz CPU : Qualcomm Snapdragon 870 GPU : Adreno 650 Double Back Camera (Dual Camera) Face scan system support Quad Speaker Speaker USB Type - C Connection Port Battery capacity: 7860 mAh + 44W Flash Charge Operating System : Android 12 + OriginOS (Ocean)