" PS5 နဲ့ XBox တို့ထက် ရောင်းအားမြင့်ခဲ့တဲ့ Nintendo Switch "

" PS5 နဲ့ XBox တို့ထက် ရောင်းအားမြင့်ခဲ့တဲ့ Nintendo Switch "
" PS5 နဲ့ XBox တို့ထက် ရောင်းအားမြင့်ခဲ့တဲ့ Nintendo Switch "
=================================
 
VGChartz ရဲ့ ကိန်းဂဏာန်းများအရ Nintendo Switch ဟာ ၂၀၂၂ ခုနှစ်၊
မတ်လ (၂၇) ရက် အထိ အလုံးရေ (၃၅,၀၀၀) ကျော် ရောင်းချရကြောင်း
ညွှန်းပြနေပြီး Microsoft ရဲ့ Xbox Series X/S နဲ့ PlayStation 5 ထက်
အပတ်စဉ်‌ရောင်းအား ပိုမိုကောင်းမွန်နေတာ တွေ့ရပါတယ်။
 
Nintendo Switch ရဲ့ (၂၀၂၀ ကနေ ၂၀၂၂ အထိ) တစ်သက်တာရောင်းအားက
(၁၀၆.၂၁ သန်း) မှာရှိပြီး PS5 (၁၈.၆၆ သန်း) နဲ့ XBox Series (၁၃.၆၆ သန်း)
ထက် ရောင်းအား ပိုများနေသလို Market Share က 76.7% ရှိနေပါတယ်...
 
Nintendo Switch ဟာ ကျစ်လစ်ပြီး သယ်ဆောင်ရလွယ်ကူတဲ့ဒီဇိုင်းနဲ့
(၂၀၁၇) မှာ ထွက်ရှိခဲ့တဲ့ Hybrid Game Console တစ်ခုဖြစ်ပြီး
Game Console တစ်ခုအနေနဲ့ရော Portable Game အနေနဲ့ရော
အသုံးပြုနိုင်တဲ့အပြင် ဂိမ်းကဏ္ဍများစွာကို ဆွဲဆောင်ခဲ့ပြီး Game Console
ရောင်းချမှုရဲ့ အဓိကဖြစ်လာခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ စျေးနှုန်းနဲ့
သုံစွဲနိုင်မှုကလည်း သေ့ာ့ချက်တစ်ခုဖြစ်နေခဲ့ပါတယ်။
 
Source : gizmochina
 
#MyGadgets
#NintendoSwitch
#XBox #PlayStation5
 
Related Tech News
Submit comment
Register
Check out
Cart
Close
Back
Account
Close