Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

iPhone User တွေအနေနဲ့ iOS 15 တင်မယ်ဆိုဘာတွေပြင်ဆင်ထားရမလဲ?

by REMAX Online Shop 20 Sep 2021 0 Comments
iOS 15 မှာ ပါလာမယ့် အကောင်းဆုံး Features တွေက ဘာတွေဖြစ်မလဲ ?
iPhone User တွေအနေနဲ့ iOS 15 တင်မယ်ဆိုဘာတွေပြင်ဆင်ထားရမလဲ?

iOS 15 ကို ဒီည 11:30 မှာ စသုံးလို့ရမှာ ဖြစ်ပြီး iOS 14 တုန်းကထက်
ပိုကောင်းတဲ့ Improvement တွေကို တွေ့မြင်ရမှာပါ။ OS update လုပ်တဲ့အခါ
Features အသစ်တွေကို ရင်းနှီးနေအောင်လို့ iOS 15 ရဲ့ အမိုက်စား Features
တွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Major Update ဖြစ်တာကြောင့် File Size က 1GB ကျော်လောက်
အနည်းဆုံးရှိမှာဖြစ်လို့ Storage ကို 5GB လောက်ရှင်းထားရင်တော့ ပိုကောင်းတာပေါ့။

Update တင်နေတဲ့ အချိန် Power off သွားတာ ဒါမှမဟုတ် တခြားအကြောင်းတခုခုကြောင့် Data တွေ
ပျက်သွားတာမျိုးဖြစ်မှာစိုးရင် ကိုယ့်ရဲ့ အရေးကြီး Data တွေကို
iCloud or တခြားနေရာတစ်ခုခုမှာ Backup လုပ်ထားလို့ ရပါတယ်။

iOS 15 တင်တဲ့အခါ Features အသစ်တွေကိုအကျွမ်းတဝင် ဖြစ်နေဖို့
Features အသစ်လေးတွေ လေ့လာထားမယ်ဆိုရင်တော့

ဒီည 11:30 မှာ update တင်ပြီး သုံးတဲ့အခါ လုံးဝအဆင်ပြေနေမှာဖြစ်ပါတယ်။


✔️ Face Time
iOS 15 မှာ Face Time ကို Apple Device အချင်းချင်း မှာသာမက
Google Hangout, Microsoft Teams, Skype နဲ့ Zoom တို့လို
Android နဲ့ Windows Platforms တွေမှာပါ အသုံးပြုလို့ရမှာပါ။
ဒါပေမဲ့ iMessage ကိုတော့ Apple Device တွေမှာပဲ သုံးလို့ရမှာပါ။


✔️ Focus Mode
iPhone မှာ App တွေရဲ့ Noti တွေ နဲ့ Ph call တွေ ကို Focus
Profile တစ်ခု ဖန်တီးပြီး Mode အလိုက် တစ်ခုချင်းဆီကန့်သတ်ထားလို့ရပါတယ်။


✔️ Live Text
စာရွက်ပေါ်က စာတွေကို Camera နဲ့ ချိန်ပြီး Copy ကူးယူနိုင်မှာပါ။ ဒါပေမဲ့ ဒီ Live Text
Feature ကို iPad 2020, iPhone XS and Newer, iPad Pro 2020 and Newer,
iPad Air 2019 and Newer နဲ့ iPad Mini 5th Generation တို့မှာပဲ Support လုပ်မှာပါ။


✔️ Find My Network
iOS 15 မှာ ကိုယ့်ရဲ့ iPhone ကို Power Off ထားရင်တောင် ရှာလို့ ရမှာပါ။
ဒီ Feature ကိုတော့ U1 Chips ပါတဲ့ iPhone 11 series နောက်ပိုင်း
Models တွေမှာပဲ သုံးလို့ရမှာပါ။
Profile > Find My > Find My iPhone > Find My Network > On ထားပြီး အသုံးပြုလို့ရပါတယ်။


✔️ Schedule Your Notifications
ကိုယ့် iPhone ထဲက App တွေရဲ့ Noti တွေကို ကိုယ်ပေါ်‌စေချင်တဲ့ အချိန်မှာပေါ်ဖို့ တစ်ခုချင်းစီကို
Setting > Notification > Summary ထဲမှာ ဝင်ပြီး ကန့်သတ်ထားလို့ရပါတယ်။


✔️ Safari Redesign
Safari Design က အသစ်ပြောင်းသွားပြီး Search Bar က အောက်ဖက်ရောက်သွားပါတယ်။
အသစ်မကြိုက်ရင်လည်း အရင်ပုံစံပြန်ပြောင်းလို့ရပါတယ်။ Safari Background ကိုလည်း
ကိုယ်ကြိုက်တဲ့ပုံစံပြောင်းလို့ ရပါတယ်။


✔️ Translate Sign
Camera ကို အသုံးပြုပြီး ကြိုက်တဲ့ Foreign Language ကို Translate လုပ်လို့ပါတယ်။
ခရီးသွားတဲ့ အခါမျိုးတွေမှာ အဆင်ပြေတာပေါ့ ။


✔️ New Memoji
iOS 15 မှာ Memoji အသစ်တွေပါဝင်လာပြီးတော့ စိတ်ကြိုက် Customized လုပ်နိုင်မယ့် အပြင်
Memoji တွေကို အင်္ကျီဝတ်ပေးလို့ ပါရမှာပါ။


✔️ New UI Weather App
Weather App မှာလည်း UI အသစ်ဖြစ်သွားပြီး တခြား Data တွေပါပိုပြီးပြလာနိုင်မှာပါ။


✔️ Tab Group in Safari
Safari မှာ Tab တွေကို Categories နဲ့ ခွဲပြီး စုစည်းထားနိုင်မှာပါ။
iPad နဲ့ Mac Book မှာလည်း iCloud က တစ်ဆင့် Auto Sync လုပ်နိုင်ပါတယ်။


✔️ Organize Your Notes
Note App မှာ hashtags တွေကို သုံးပြီး Notes တွေကို Search လုပ်လို့ရနေပါပြီ။
Note App ထဲက Create New Tag ထဲ မှာ # တွေကို အသုံးပြုလို့မှာပါ။


✔️ Offline Siri
iOS 15 မှာ Siri ကို Offline အသုံးပြုပြီး Alarm ပေးတာ၊ Theme change တာ၊ သီချင်းဖွင့်တာမျိုးတွေလုပ်လို့ရမှာပါ။


✔️ More Maps Features
ပိုပြီး details ကျတဲ့ City View , Direction တွေနဲ့ တခြား Map Features တွေပါဝင်လာမှာဖြစ်ပြီး
iPhone XS နောက်ပိုင်းထွက်တဲ့ Models တွေမှာပဲ သုံးလို့ရမှာပါ။


✔️ iOS 15 Health Additions
Health App က ကိုယ့်ရဲ့ Body Measurement Data တွေကို ပိုပြီး သိမ်းဆည်းနိုင်မှာဖြစ်ပြီး ပြောင်းလဲမှု
တစ်ခုခုရှိခဲ့ရင် Alert လုပ်ပေးမှာဖြစ်ပါတယ်။ Health Data တွေကို လည်း ကို့ရဲ့ Doctor
ဒါမှဟုတ် မိသားစုဝင်တွေနဲ့ Share လို့ရမှာပါ။


Update တင်တော့မယ်ဆို…...

iOS 15 တင်တော့မယ်ဆို ကိုယ့် Device က Update List ထဲမှာ ပါ/မပါ စစ်ဆေးရမှာပါ။

iOS 15 Update ရမယ့် Devices တွေကတော့…...

- iPod touch(7th generation)
- iPhone SE(1st & 2nd Generation)
- iPhone 6s
- iPhone 6s Plus
- iPhone 7 Plus
- iPhone 7
- iPhone 8 Plus
- iPhone X
- iPhone XR
- iPhone XS Max
- iPhone XS
- iPhone 11 Pro Max
- iPhone 11 Pro
- iPhone 11
- iPhone 12 Pro Max
- iPhone 12
- iPhone 12 mini

#REMAX
#iOS15
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items