Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

How To Maintain True Wireless Earbuds (TWS)

by Aung Myat Shwe MZ 10 Feb 2022 0 Comments
" TWS Earbuds တွေကို ဘယ်လိုဂရုစိုက်ရမလဲ...🤔"

သင့်ရဲ့ TWS ကြိုးမဲ့နားကြပ်တွေ ရေရှည်အသုံးခံဖို့ဆိုရင်
ဒါတွေကို ဂရုစိုက်ပေးဖို့တော့ လိုမယ်နော်...

🔥 စနစ်တကျ သိမ်းဆည်းပါ
ဖုန်မှုန့်တွေနဲ့ ရေစိုခြင်းမှ ကင်းဝေးစေဖို့ နားထောင်ပြီးတိုင်းမှာ
Earbuds တွေကို Charging Case တွေထဲ စနစ်တကျ
သိမ်းဆည်းသင့်ပါတယ်။ အပြင်မှာ ဖြစ်သလိုထားခြင်းက Earbuds
တွေရဲ့ သက်တမ်းကို တိုစေပါတယ်။

🔥 ပုံမှန် သန့်ရှင်းရေးပြုလုပ်ပေးပါ
နားထဲက အညစ်အကြေးတွေက Earbuds မှာ ပေနေတတ်ပြီး
အသံနားဆင်မှုကို ပိတ်ဆို့စေတတ်ပါတယ်။ တစ်ပတ်လျှင် တစ်ခါ (သို့)
တစ်လ တစ်ခါ Earbuds တွေကို သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။

🔥 တစ်ယောက်တည်းသာ အသုံးပြုပါ
Earbuds တွေကို လူအများအသုံးပြုခြင်းက ရှောင်ရှားခြင်းဖြင့်
ဖုန်မှုန့် နဲ့ နားဖောချေး ပိတ်ဆို့မှုကို လျော့နည်းစေပြီး သင့်ရဲ့ နားထဲ
ပိုးဝင်ခြင်းကိုလည်း ကာကွယ်သလို ဖြစ်စေပါတယ်။

🔥 သင့်တော်တဲ့ အားသွင်းကြိုးနဲ့ အားသွင်းပါ
Charging Case မှာ ပါလာတဲ့ အားသွင်းကြိုးအတို (သို့)
လက်ခံနိုင်တဲ့ Amp နဲ့ သင့်တော်တဲ့ အားသွင်းကြိုးသာ အသုံးပြုပါ။
Amp မတူတဲ့အားသွင်းကြိုးကြောင့် TWS Earbuds ရဲ့
သက်တမ်းကို လျော့နည်းစေတာမို့ သတိပြုစေလိုပါတယ်။

🔥 နားကြပ်ဘူးအားပြည့်ပါက ဖြုတ်ထားပါ
Charging Case ကို အားအပြည့်သွင်းပြီးပါက ပလပ်ပေါက်ကနေ
ဖြုတ်ထားဖို့ သတိရပါ။ Over-Charging ဖြစ်ပါက Charging
Case ကိုရော Earbuds ကိုပါ သက်တမ်းလျော့နည်းသွားစေပါတယ်။
ဒါမှမဟုတ် Over-Charging ဖြစ်သွားရင် အလိုအလျောက်
ဖြတ်တောက်ပေးတဲ့စနစ်ပါဝင်တဲ့ TWS ကို ရွေးချယ်ပါ။

🔥 မိမိနားနဲ့ သင့်တော်တဲ့ နားကြပ်စွပ်ကို တပ်ပါ
နားကြပ်စွပ် အရွယ်အစားအမျိုးမျိုးထဲကမှ မိမိ နားနဲ့
သင့်တော်တဲ့ နားကြပ်စွပ်တပ်ခြင်းဖြင့် ပတ်ဝန်းကျင်ဆူညံသံများကို
လျော့ကျသွားစေပြီး အသံပိုင်းဆိုင်ရာ ပိုမိုကောင်းမွန်စေပါတယ်။

အထက်ပါ အချက်များကို လုပ်ဆောင်ခြင်းဖြင့် သင့်ရဲ့ TWS
Wireless Earbuds လေးကို ဂရုစိုက်ထိန်းသိမ်းလိုက်ပါ။

နောက်ထပ် ဘယ်လိုအကြောင်းအရာ လာမလဲဆိုတာ
Page လေးကို စောင့်ကြည့်ထားဦးနော်...

#WK_Design
#KnowledgeSharing
#Gadgets #Tip&Trick
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items