Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

" Global မိတ်ဆက်သွားခဲ့တဲ့ Redmi Series များ "

by Aung Myat Shwe MZ 31 Mar 2022 0 Comments
5G Network တွေနဲ့ Global မိတ်ဆက်သွားခဲ့တဲ့
Redmi Note 11 Pro+, Redmi Note 11S နဲ့ Redmi 10.
*** Redmi Note 11 Pro+ 5G ***
 
MediaTek's Dimensity 920 Chipset အသုံးပြုထားတဲ့
Redmi Note 11 Pro+ 5G ဗားရှင်းဟာ 6.67-inch AMOLED Display ကို
120Hz Refresh Rate နဲ့ FHD+ Resolutionအထောက်အပံ့ရပါမယ်။
ကျောဘက်မှာတော့ 108MP Main နဲ့ 8MP Ultrawide , 2MP Macro Camera
တို့ ပါဝင်ပြီး Selfie Camera ကိုတော့ 16MP တပ်ဆင်ပေးထားပါတယ်။
4500mAh Battery ကို 120W HyperCharge စနစ်ပါလို့ (၁၅) မိနစ်အတွင်း
အားအပြည့်သွင်းနိုင်ပါမယ်။
 
ရွေးချယ်စရာတွေက Graphite Grey, Star Blue နဲ့ Forest Green ဆိုပြီး
အရောင် (၃) မျိုးနဲ့ 6/128GB ကို ၃၆၉ ဒေါ်လာ (မြန်မာငွေ ၇ သိန်းဝန်းကျင်)
ဖြင့် စတင်မှာဖြစ်ပါတယ်။ 8/128GB က ၃၉၉ ဒေါ်လာ (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်)
နဲ့ 8/256GB က ၄၄၉ ဒေါ်လာ (မြန်မာငွေ ၈ သိန်းဝန်းကျင်) ဖြစ်ပြီး
Early Bird Campaign အတွက် AliExpress မှာ (ဧပြီ ၆ ရက်ကနေ ၈ ရက်နေ့)
အထိ အထူးလျှော့စျေး‌တွေနဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။
*** Redmi Note 11S 5G ***
 
Redmi Note 11S 5G က POCO M4 Pro 5G ကို ပြန်လည်မွမ်းမံထားပြီး
6.6-inch IPS LCD Display ကို 90Hz Refresh Rate အထောက်အပံ့နဲ့
MTK Dimensity 810 SoC ကို အသုံးပြုပေးထားပါတယ်။ ကျောဘက်မှာတော့
50MP Main Camera, 8MP Ultrawide နဲ့ 2MP Macro Camera တို့ဖြစ်ပြီး
Selfie Camera က 13MP တပ်ဆင်ပေးထားပါတယ်။ 5000mAh Battery ကို
33W Fast Charging စနစ် ပါဝင်မှာဖြစ်ပါတယ်။
 
Midnight Black, Twilight Blue နဲ့ Star Blue အရောင်များရွေးချယ်နိုင်ပြီး
4/64GB ကို ၂၄၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်းဝန်းကျင်)၊ 4/128GB ကို ၂၇၉ ဒေါ်လာ
(မြန်မာငွေ ၅ သိန်းကျော်) နဲ့ 6/128GB ကို ၂၉၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်းခွဲဝန်းကျင်)
ဖြင့် April လ အစောပိုင်းမှာ စတင်ဝယ်ယူရရှိနိုင်ပါမယ်။
 
a
*** Redmi 10 5G ***
 
Redmi 10 5G ဟာ တရုတ်မှာရောင်းချခဲ့တဲ့ Redmi Note 11E ရဲ့ တူညီတဲ့အချက်
တွေနဲ့ Redmi 10 Series ရဲ့ နောက်ဆုံးမော်ဒယ်ဖြစ်ပါတယ်။ MTK Dimensity 700
Chipset ကို 6.58-inch IPS LCD Dispaly အသုံးပြုထားပြိး 90Hz Refresh Rate
ရရှိပါမယ်။ ကျောဘက်မှာ 50MP Main Camera နဲ့ 2MP Depth Camera တို့ဖြစ်ပြီး
အရှေ့ဘက်မှာတော့ 5MP Selfie Camera ထည့်သွင်းပေးထားပါတယ်။ 5000mAh
Battery ကို 18W Fast Charging သာ ရရှိမှာဖြစ်ပြီး Graphite Gray, Chrome Silver
နဲ့ Aurora Green အရောင်များရွေးချယ်နိုင်ပါမယ်။
 
4/64GB ကို ၁၉၉ ဒေါ်လာ (မြန်မာငွေ ၄ သိန်းဝန်းကျင်) နဲ့ 4/128GB ကို ၁၂၉ ဒေါ်လာ
(မြန်မာငွေ ၄ သိန်းကျော်) ဖြင့် ဝယ်ယူရရှိနိုင်ပါမယ်။
 
#MyGadgets
#RedmiNote11ProPlus
#RedmiNote11S
#Redmi10
#GlobalLaunched
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items