

Apple Analyst ဖြစ်သူ Ming-Chi Kuo ဟာ " Apple အနေနဲ့
၉ လက်မအရွယ် OLED မျက်နှာပြင်ရှိ ခေါက်နိုင်တဲ့ iPhone နဲ့
iPad ကို စမ်းသပ်နေတယ် " လို့ Twitter မှာ တင်ခဲ့ပါတယ်။
သို့ပေမယ့်လည်း Foldable iPhone အတွက် Apple က အချိန်
အကြာကြီး ယူနေရဆဲဖြစ်ပြီး Ming-Chi Kuo ဟာ ၎င်းရဲ့ ခန့်မှန်းချက်ဖြစ်တဲ့
(၂၀၂၄ ခုနှစ်) မှာ မိတ်ဆက်မယ်လို့ ပြောဆိုခဲ့တာကို (၂၀၂၅ ခုနှစ်) ထက်စောပြီး
ထွက်ရှိလာဖို့ မဖြစ်နိုင်ဘူးလို့ ပြန်လည်ပြင်ဆင် ပြောကြားခဲ့ပါတယ်။
Apple ရဲ့ ပထမဆုံး Foldable ပစ္စည်းဟာ Hybrid iPhone နဲ့ Hybrid iPad
မဟုတ်ရင် ပုံမှန် Foldable iPad ပဲ ဖြစ်နိုင်မယ်လို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။
My Gadgets ပရိသတ်တို့ရော Apple ရဲ့ ပထမဆုံး Foldable Devices က
iPhone ဖြစ်မလား... iPad ဖြစ်မလား... အမြင်လေးတွေ ပြောခဲ့ပါဦး...
Source : Macrumors
#MyGadgets
#FoldableiPhone
#Apple #2025