5% CPU Upgrade နဲ့ MTK Dimensity 9000+

5% CPU Upgrade နဲ့ MTK Dimensity 9000+
===========================

MTK အနေနဲ့ ပြန်လည်မွမ်းမံဆန်းသစ်ထားတဲ့ Flagship Chipset
Dimensity 9000+ ကို ကြေညာလိုက်ပါတယ်။ 5% CPU Upgrade နဲ့
10% Graphic Upgrade အပြင် 5G Modem တိုတက်မှုတွေလည်း
ပါဝင်တယ်လို့ ဆိုပါတယ်။

3.05GHz ကနေ 3.2GHz အထိ အမြန်နှုန်း ရရှိစေမယ့် Cortex-X2 နဲ့
A710 Cores (၃) ခု၊ Cortex-A510 Cores (၄) ခုဖြင့် 1+3+4 ဆက်တင်ကို
တပ်ဆင်ထားပါတယ်။ GPU ကိုတော့ အဆင်မြှင့်တင်ထားတဲ့ Mali G710
MC10 ကို အသုံးပြုပေးထားပါတယ်။

MediaTek ရဲ့ IMAGIQ 790 ကလည်း ကင်မရာသုံလုံးမှ 18-bit HDR Video
များကို တစ်ပြိုင်တည်း ရိုက်ကူးနိုင်ပြီး တစ်စက္ကန့်ကို 9 Gigapixels လုပ်ဆောင်
နိုင်စွမ်းရှိတဲ့ 320MP အထိ ရုပ်ငြိမ်ပုံများကို အထောက်အပံ့ပေးနိုင်ပါတယ်။
ဒါ့အပြင် AI Noise Reduction ပါဝင်တဲ့ 4K HDR Video ကိုလည်း Support
လုပ်မယ်လို့ ဆိုပါတယ်။

5G Modem က 3CC Carrier ပေါင်းစပ်မှု အသုံးပြုထားလို့ 7Gbps ရတဲ့
Download Speed ရရှိပြီး Wi-Fi 6E , Bluetooth 5.3 အထောက်အပံ့ရပါမယ်။

MTK MiraVision 790 က FHD မှာ 180Hz Refresh Rate နဲ့ WDHD+ မှာဆိုရင်
144Hz Refresh Rate အထောက်အပံ့ရပြီး HDR Video အတွက် 4K 60fps ရပါမယ်။

MediaTek အနေနဲ့ Dimensity 9000+ ကို ဒီနှစ် တတိယကွာတားမှာ စမတ်ဖုန်းတွေဆီ
အရောက်လှမ်းနိုင်ဖို့ မျှော်လင့်နေတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

Source : gsmarena

#MediaTek #MTK #Chipset
#Dimensity9000+

Related Tech News
Submit comment
Register
Check out
Cart
Close
Back
Account
Close