" 150W Fast Charging နဲ့ တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်တဲ့ OnePlus Ace "
MTK Dimensity 8100 Max SoC နဲ့ SuperVOOC 150W အမြန်အားသွင်းစနစ်တို့
ပါဝင်တဲ့ OnePlus Ace ကို ဧပြီ (၂၁) ရက်က တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်လိုက်
ပါတယ်။ Realme GT Neo 3 နဲ့ ကျောဘက်ဒီဇိုင်းအနည်းငယ်ကွဲပြားပြီး 6.7-inch ရှိ
AMOLED Display Full HD+ ရုပ်ထွက်၊ 120Hz Refresh Rate နဲ့ 1000Hz Touch
Sampling Rate တို့ ပါရှိပါတယ်။
ကျောဘက်ကင်မရာ (၃) လုံးက 50MP Main Camera, 8MP Ultrawide နဲ့ 2MP
Macro Lens တို့ဖြစ်ပြီး အရှေ့ဘက် 16MP Selfie Camera တို့ တပ်ဆင်ထားပါတယ်။
Battery 4500mAh ကို 150W Fast Charging စနစ် အထောက်အပံ့ရပြီး SuperVOOC
160W Adapter နဲ့ (၁၇) မိနစ်အတွင်း ၁၀၀% အားအပြည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။
(၄) နှစ်ကြာပြီးနောက်တောင် Battery ရဲ့ ၈၀% ကျော်ကို ထိန်းသိမ်းနိုင်မယ့်
TUV Rhineland အားသွင်းစနစ် အသိအမှတ်ပြုထားတယ်လို့ ကုမ္ပဏီဘက်က
*** OnePlus Ace specs ***
- 6.7 inches AMOLED, refresh rate 120 Hz, Full HD + resolution,
Touch Sampling Rate 1000 Hz, 100% DCI-P3 wide color gamut,
maximum brightness 950 nits, covered with Corning Gorilla Glass
- CPU: MediaTek Dimensity 8100 Max
- RAM : 8 GB/12 GB LPDDR5 type
- ROM : 256 GB/512 GB UFS 3.1 type
- 3 rear cameras, 50 + 8 + 2 megapixel resolution, Sony IMX766 main sensor,
1/1.5-inch size, OIS support, f/1.8, ultra-wide-angle Sony IMX355 sensor,
119-degree wide-angle, f/2.25 and macro sensor camera. GC02M1 , f/2.4
- 16 megapixel front camera, Samsung S5K3P9 sensor, f/2.45
- Support for face scanning
- Support for fingerprint scanning under the screen
- Supports VC Cooling system.
- Supports dual Streo speakers + Hi-Res Audio
- Support WiFi 6 / Bluetooth 5.2 / NFC
- USB Type-C connector port
- Battery: 4500 mAh with SuperVOOC 150W charging system
- Operating system: Android 12 + ColorOS 12.1
- Machine dimensions: 163.3×75.6×8.2 mm.
8/128GB တရုတ်ငွေ ၂၄၉၉ ယွမ် (မြန်မာငွေ ၇ သိန်းခွဲဝန်းကျင်)
8/256GB တရုတ်ငွေ ၂၆၉၉ ယွမ် (မြန်မာငွေ ၈ သိန်းဝန်းကျင်)
12/256GB တရုတ်ငွေ ၂၉၉၉ ယွမ် (မြန်မာငွေ ၉ သိန်းဝန်းကျင်)
12/512GB တရုတ်ငွေ ၃၄၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းကျော်) ဖြင့်
ဧပြီလ (၂၆) ရက်မှ စတင်ကာ တရုတ်နိုင်ငံမှာ စတင်ရောင်းချသွားမှာဖြစ်ပြီး
ဧပြီလ (၂၈) ရက်မှာတော့ OnePlus 10R အမည်ဖြင့် အိန္ဒိယမှာ မိတ်ဆက်မယ်လို့ သိရပါတယ်။
0 Comments
Aung Myat Shwe MZ