Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

108MP Super Camera နဲ့ Huawei Nova 9 SE

by Aung Myat Shwe MZ 21 Mar 2022 0 Comments

ဓါတ်ပုံနဲ့ ဗီဒီယိုတွေအတွက် ဆန်းသစ်တီထွင်မှုကို အသားပေးထားတဲ့
Huawei ရဲ့ Nova 9 SE ကို မကြာသေးခင်က မိတ်ဆက်ခဲ့ပြီး
3D Glass Back Cover တပ်ဆင်ထားတဲ့ Crystal Blue,
Pearl White နဲ့ Midnight Black စတဲ့ အရောင် (၃) ရောင်
ရွေးချယ်မှာယူနိုင်ပြီလို့ ဆိုပါတယ်.

6.78-inch ကို Full-view Display မျက်နှာပြင်နဲ့
90Hz Refresh Rate ကို အသုံးပြုထားပြီး အမိုက်စားဓါတ်ပုံနဲ့
ဗီဒီယိုရိုက်ချက်တွေအတွက် 108MP Super Camera ပါဝင်တာမို့
Vlog ရိုက်တာ ဝါသနာပါသူတွေအတွက် အကောင်းဆုံး အခိုက်အတန့်များကို
ရိုက်ကူးဖန်တီးနိုင်မှာပါ။

Chipset ကိုတော့ Qualcomm ရဲ့ Snapdragon 680 4G
နဲ့ Adreno 610 GPU တို့ကို တပ်ဆင်ထားပြီး HarmonyOS 2.0
ကို အသုံးပြုထားပါတယ်။

AI Quad Camera စနစ်ဖြင့် 108MP Main Camera
(f/1.9 aperture), 8MP Ultrawide (f/2.2 aperture),
2MP Depth (f/2.4 aperture) နဲ့ 2MP Macro (f/2.4 aperture)
တို့ ပါဝင်ပြီး အရှေ့ဘက်မှာတော့ 16MP Selfie Camera ပါရှိပါတယ်။
Display ကို (၂) ခုခွဲပြီး ရှေ့ Camera အတွက် Display တစ်ခု၊
အနောက် Camera အတွက် Display တစ်ခုနဲ့ Display (၂) ခု ခွဲပြီး
လုပ်ဆောင်နိုင်တဲ့အပြင် ညမြင်ကွင်းတွေအတွက် ကြည်လင်ပြတ်သားတဲ့
Super Night Shot ဖြင့် ရိုက်ကူးဖန်တီးနိုင်ဦးမှာပါ။

4000mAh Battery ကို 66W Super-Fast Charging စနစ်နဲ့
(၆၀%) အားသွင်းရန် (၁၅) မိနစ်သာ ကြာမြင့်မယ်လို့ သိရပါတယ်။

အဆိုပါ Huawei Nova 9 SE ကို (599,000) ကျပ်ဖြင့်
ကြိုတင်မှာယူနိုင်ပြီး Huawei Band 4 ကိုလည်း လက်ဆောင်အနေနဲ့
ရရှိမှာဖြစ်ပါတယ်..ပြီးတော့ သတ်မှတ်ထားတဲ့ဆိုင်တွေမှာ Citizens Pay
Applications ကတစ်ဆင့် Pre-order တင်သူတွေကိုလည်း
E-money Cashback (40,000) ကျပ် ပြန်လည်ရရှိမှာဖြစ်တယ်လို့
သိရပါတယ် (*အရေအတွက်အကန့်အသတ်ရှိပါတယ်တဲ့)
အသေးစိတ်လေ့လာရန် - https://bit.ly/3KXNxYD

ပိုမိုလေ့လာရန် - https://consumer.huawei.com/en/phones/nova9-se/

#MyGadgets
#Huawei #Nova9SE
#ဘယ်လိုရိုက်ရိုက်အလန်းကြီး #Huaweinova9se
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items