Skip to content

Customer Service - 09-887-887-504 / 09-446-644-507

Tech News

" မေလ (၂၀) ရက်နေ့မှာ မိတ်ဆက်မယ့် Snapdragon 8 Gen 1 Plus "

by Aung Myat Shwe MZ 16 May 2022 0 Comments
 လာမယ့် မေလ (၂၀) ရက်နေ့ Snapdragon Friend's Chip
ပွဲမှာ Snapdragon 8 Gen 1 Plus နဲ့ Snapdragon 7 Gen 1 တို့ကို
မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
 
Snapdragon 8 Gen 1 မှာ အသုံးပြုခဲ့တဲ့ Samsung 4nm ဟာ
လိုအပ်တဲ့ ပမာဏကို မထုတ်လုပ်နိုင်တာကြောင့် 8 Gen 1 Plus မှာတော့
Samsung ရဲ့ 4nm အစား TSMC 4nm ကို ပြောင်းလဲအသုံးပြုဖို့
ဆုံးဖြတ်ခဲ့ပါတယ်။
 
Snapdragon 8 Gen 1 Plus မှာ Cortex X2 , Cortex A710 နဲ့
Cortex A510 တို့ ပါဝင်တဲ့ "1+3+4" Triple-Cluster ကို ဆက်လက်
အသုံးပြုမှာ‌ဖြစ်ပြီး CPU မြန်နှုန်းမှာ 2.99 GHz ဖြစ်သလို GPU ကိုလည်း
အနည်းငယ် အဆင့်မြှင့်ထားတယ်လို့ ဆိုပါတယ်။
 
AnTuTu Benchmark မှာ ၁.၂သန်းကျော် ရမှတ်ရှိမယ်လို့ ခန့်မှန်းထားပြီး
Snapdragon 8 Gen 1 ထက် ပါဝါစားသုံးမှု ၂၀% နဲ့ အပူသက်သာမယ်လို့
သိရပါတယ်။ Snapdragon 700 Series ကိုတော့ Snapdragon 7 Gen 1 လို့
နာမည်ပေးထားပြီး 4-Core Arm V9 CPU Cortex A710 နဲ့ 4-Core Cortex A510
တို့ ပါဝင်ပါမယ်။ GPU ကိုတော့ Adreno 662 ထည့်သွင်းလာပါမယ်။
 
Source : Qualcomm
 
#MyGadgets
#Snapdragon8Gen1Plus
#Snapdragon7Gen1
Prev Post
Next Post

Leave a comment

All blog comments are checked prior to publishing

Thanks for subscribing!

This email has been registered!

Shop the look

Choose Options

Edit Option
Back In Stock Notification
this is just a warning
Login
Shopping Cart
0 items